International News

ဗန်ကောက်ရှိစတိုးဆိုင်ကြီးများအနေဖြင့် စိုးရိမ်စိတ်ဖြင့်ဈေးဝယ်မှုနှင့်တွေ့ကြုံနေရ

Last Updated:

ဗန်ကောက်မြို့ရှိဈေးဝယ်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အပေါ် စိုးရိမ်စိတ်ဖြင့် ဝယ်ယူမှုကြောင့် ကြာရှည်ခံပစ္စည်းများဖြစ်သော ခေါက်ဆွဲခြောက်၊ ဆန်အိတ်ငယ် များ၊ တစ်ရှူးစက္ကူများ၊ ငါးသေတ္တာဗူးများနှင့်ရေသန့်ဗူးများမှာ စင်များပေါ်တွင် လက်ကျန်မရှိအောင် လျှင်မြန်စွာပျောက်ကွယ်သွားစေခဲ့ရပါသည်။

ဗန်ကောက်မြို့ရှိထိပ်တန်းလက်လီအရောင်း စူပါမားကတ်ကြီးများဖြစ်ကြသည့် Tesco Lotus၊ The Mall Group၊  Big C စူပါမားကတ်ကြီးများအနေဖြင့် အဆိုပါ ကုန်ပစ္စည်းများသည် ယခုအပတ်ရုံးပိတ်ရက်မှစ၍ လူအများ၏ အလျှင်အမြန်ချက်ချင်းသိမ်းကျုံး ဝယ်ယူခြင်းခံခဲ့ရ သည်ကိုတွေ့မြင် သတိပြုမိခဲ့ကြပါသည်။ သေစေနိုင်သောဗိုင်းရပ်စ်ပိုးသည် ထိုသို့ စိုးရိမ်စိတ်ဖြင့် ဈေးဝယ်ခဲ့ကြခြင်း၏ ဉီးစွာပဏာမ အကြောင်းရင်းဖြစ်ကြောင်းကို၎င်းတို့အနေဖြင့် သဘောတူ ခဲ့ကြပါသည်။

Gourmet Market ၏ အော်ပရေတာ၊ The Mall Group ကုမ္ပဏီ၏ စူပါမားကတ် ဒုတိယဉက္ကဌ Chairat Petchdakul က မိမိတို့အနေဖြင့် ယခုကဲ့သို့သော ဈေးဝယ် ယူမှုမျိုးကို တစ်ခါမှ မမြင်ဖူးကြောင်း ပြောကြားခဲ့ပါသည်။ အစပိုင်းတွင် မိမိတို့အနေဖြင့် လခထုတ်ရက်ဖြစ်၍ ဈေးဝယ်ကြခြင်းဟု ထင်မြင်ခဲ့ကြကြောင်း၊ သို့ရာတွင် ဈေးဝယ်သူအများစု ဝယ်ယူကြသည့် ကုန်ပစ္စည်းများမှာ အသင့်စားခေါက်ဆွဲခြောက်ကဲ့သို့ ကြာရှည်ခံကုန်ပစ္စည်းများ၊ သောက်ရေသန့်နှင့် ငါးသေတ္တာဗူးများဖြစ်ကြ ကြောင်း၎င်းကပြောကြားခဲ့ပါသည်။ ၎င်းနောက် မိမိတို့အနေဖြင့် အဆိုပါဝယ်လိုအားသည် ကိုရိုနာဗိုင်းရပ်စ်အပေါ် စိုးရိမ်ထိတ်လန့်မှုကြောင့်သာ ထိုသို့ ဝယ်ယူကြ ခြင်းဟု ယူဆခဲ့ကြကြောင်း၊ သို့ရာတွင်မိမိတို့အနေဖြင့် ဈေးဝယ်သူများ၏ အမူအကျင့်များအပေါ် အနီးကပ် ဆက်လက်စောင့်ကြည့်သုံးသပ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ကုန်ပစ္စည်းများအား ထုတ်လုပ်ပေးသွင်းသူများထံမှ ပေးပို့မှု နှောင့်နှေးနိုင်သော်လည်း လုံလောက်စွာ ပေးသွင်းရရှိနိုင်ကြောင်း Mr. Chairat က အာမခံခဲ့ ပါသည်။ The Mall Group အနေဖြင့် ပြောကြားရာတွင် ကုန်ပစ္စည်း ပြတ်လတ်မှုကို ကာကွယ်ရန်အတွက် ကုန်ပစ္စည်းထောက်ပံ့မှုအား (၁၅) ရက်စာ ထောက်ပံ့မှုမှ ရက် (၃၀) စာ ထောက်ပံ့မှုအထိနှစ်တိုးလိုက် ကြောင်း၊ဈေးဝယ်သူများအနေဖြင့် ၎င်းတို့ရှာဖွေနေသောကုန်ပစ္စည်းများကို လုံလောက်စွာရနိုင်မှာ ဖြစ်ကြောင်းပြော ကြားခဲ့ပါသည်။

Siam Paragon စားသောက်တန်းဈေးမှ အမည်မဖေါ်လိုသူ အလုပ်သမားတစ်ဉီးက ပြီးခဲ့ သည့် ရုံးပိတ်ရက်တွင် ဈေးဝယ်သူများအနေဖြင့် ကုန်ပစ္စည်းများဝယ်ယူရန် တန်းစီခဲ့ကြရသည် ဟုပြောကြားခဲ့ပါသည်။ နောင်ထပူရီရှိ Tops Child Branch၊ Future Park Rangsitရှိ Big C Supercenter၊  Nakhon In Road ရှိTesco Lotus တို့တွင်လုပ်ကိုင်နေသော လုပ်သားများမှလည်း ၎င်းတို့အနေဖြင့်ပြီးခဲ့သည့် သောကြာနေ့တည်းက အလားတူဈေးဝယ်မှုများကို လေ့လာတွေ့ရှိခဲ့ကြကြောင်း ပြောကြားခဲ့ကြပါသည်။

ကုမ္ပဏီဝန်ထမ်းတစ်ဉီးဖြစ်သည့် အသက် (၃၃) နှစ်အရွယ် Mintita Thowkam က သူမအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကိုကြောက်သဖြင့် ကုန်ပစ္စည်းများ ဝယ်ယူ သိုလှောင်ရန် စတင်နေပြီဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဗိုင်းရပ်စ်ပျံ့ပွားမှုအပေါ် ထိန်းချုပ်မှု အစီအမံများအား ယုံကြည်စိတ်ချနေ၍မရကြောင်း၊ သူမအနေဖြင့် တောင်ကိုရီးယားနိုင်ငံမှ ပြန်လာမည့်ထိုင်း လုပ်သားအုပ်စုကြီးများကို အစိုးရမှ ထိထိရောက်ရောက်ကိုင်တွယ်ထိန်းချုပ်နိုင်ပါ့မလား ဆိုတာကို မသိပါကြောင်းသူမက ပြောကြားခဲ့ပါသည်။ အကယ်၍ အစီအမံများအနေဖြင့် လုံလောက်မှု မရှိဘူး ဆိုပါက ရလဒ်မှာ ကြောက်စရာကောင်းလိမ့်မည်ဖြစ်ပါသည်။

ဆိုးလ်ရှိထိုင်းသံရုံးကို တောင်ကိုရီးယားလူဝင်မှုကြီးကြပ်ရေးရုံးမှ ထိုင်းလူမျိုး(၅,၀၀၀) ကျော် သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ မတ်လ(၁)ရက်နေ့အထိ လာရောက် သတင်းပို့ခဲ့ သည်ဟုအသိပေးခဲ့သည်ဟု  နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရှိရပါသည်။

မိမိအနေဖြင့် အတော်လေးစိတ်ပူမိကြောင်း၊ သို့ဖြစ်၍ Tesco Lotus Hypermarketသို့ ကုန်ပစ္စည်းများကို (၁) လ (၂) လကြာအောင် ကုန်ပစ္စည်များကို ရောင်းချ နိုင်အောင် ဖြည့်တင်းသိုမှီးထားခဲ့ကြောင်း၊ သူမအနေဖြင့် တစ်ချို့သောကုန်ပစ္စည်များ အနေဖြင့် စင်များပေါ်တွင် မရှိတော့ဘဲပြတ်လပ်နေသည်ကို ယမန်နေ့ (၃.၃.၂၀၂၀ရက်နေ့) ကတွေ့မြင်ခဲ့ရကြောင်း၊ တုန်ယမ်းအရသာဖြင့် မာမားအသင့်စားခေါက်ဆွဲထုတ်အပါအဝင် တစ်ချို့သောကုန်ပစ္စည်းများ ပြတ်လပ် သွားကြောင်း Ms.Mintita က ပြောကြားခဲ့ပါသည်။

Thai President Food plc ၏ ဉက္ကဌရုံးမှ မန်နေဂျာ Pun Paniengvait က သွင်းကုန်ကုန်ပစ္စည်းမှလွဲ၍ အသင့်စားခေါက်ဆွဲခြောက် အမှတ်တံဆိပ်အားလုံး၏ တစ်နေ့  စုစုပေါင်း ထုတ်လုပ်နိုင်စွမ်းမှာတစ်ရက်လျှင် Packet (၁၀) သန်းဖြစ်ကြောင်း၊ ထောက်ပံ့မှုကို အာမခံကြောင်းပြောကြားခဲ့ပါသည်။ ထုတ်လုပ်မှုကို ယခုအခါ (၇၀%)မှ (၈၀%)အထိ ထုတ်လုပ်နေ ကြောင်း၊ တစ်နေ့လျှင် packet (၁၅)သန်းအထိတိုးချဲ့နိုင်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။

ထိုင်းနိုင်ငံတွင်လူတစ်ဉီးချင်း အသင့်စားခေါက်ဆွဲ စားသုံးမှုမှာ တစ်နှစ်လျှင် Packet (၄၅.၉) ရှိနေပါသည်။ ကုန်ပစ္စည်းရှားပါးမှုနှင့်ပတ်သက်၍ စိတ်မပူပါနှင့်ဟု Mr. Pun ကပြောကြားခဲ့ပါသည်။ ထုတ်လုပ်နိုင်စွမ်းအင်အားမှာ ထိုင်းလူမျိုးအားလုံးအတွက် လုံလောက်မှုရှိကြောင်း၎င်းက ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

 Source:Bangk Post              

Category: International News